လက်တို့ပြီးတော့ ပြောရအုံးမယ် (၁)

နောင်မိုးတို့များလူဘောင်လောကမှာနေထိုင်ကြသောပုတုဇဉ်လူသားပီသစွာလောဘ၊ ဒေါသ၊ မောဟများနှင့် ပြည့်ကျပ်နေသော ပတ်ဝန်းကျင်မှာ နိစ္စဒူဝနေထိုင်လုပ်ကိုင်နေကြရပြီးလစဉ်ပုံမှန်တောင် မြန်မာလူမျိုးဗုဒွဘာသာဝင်တိုင်းရဲ့ အထွဋ္ဋ်အမြတ် မြတ်ရွှေတိဂုံဘုရားကြီးတောင် မရောက်ပါလေလားဟုတစ်နေ့ နဖူးပေါ်လက်တင်ကာမိမိကိုယ်ကိုအပြစ်တင်စဉ်းစားမိလေတော့သည်။ အကျိုးမျှော်လို့ ယတြယာချေစရာရှိမှ ဘုရားသွားဖို့ကိုသတိရမိသလိုဖြစ်နေပါပြီတကော။မဖြစ်ချေတော့ပြီ။ နောင်မိုးတို့ ဇွဲတင်ကာလေးဆူဓာတ်ပျော် ရွှေတိဂုံဘုရားကြီးသို့ ဖူးမျှော်ရန် နေသာသောညနေခင်းတွင် သွားရောက်ခဲ့ပါတယ်။ မြတ်ရွှေတိဂုံဘုရားကြီးကိုရောက်ခါနီး အဝေးကပင် မြင်တွေ့ ဖူးမြော်ရခြင်းဖြင့်ပင်နောင်မိုးတို့ ရင်ထဲမှာဖော်ပြလို့မရနိုင်တဲ့ အေးချမ်းငြိမ်းအေးမှုတွေ တလိပ်လိပ် ရရှိလာခဲ့ပြီလေ။ ဘုရားကြီးမြောက်ဘက်မုဒ်ရောက်တော့ တက္ကဆီပေါ်ကဆင်းပြီးဓာတ်လှေကားရှိရာသို့ ရှေးရူကာလျှောက်လှမ်းလာခဲ့ပါတယ်။ ဖိနပ်အပ်ရန်ကောင်တာမှာဖိနပ်အပ်လျှင် တရံ ၅၀-ကျပ်သတ်မှတ်ထားတဲ့ စာတမ်းလေးကိုသတိထားမိပါသည်။ ဒါနဲ့ ကြွတ်ကြွတ် အိတ်တလုံးကိုယူပြီးပိုက်ဆံထည့်ခြင်းကလေးထဲသို့ ၅၀-ကျပ်ထည့်ကာဖိနပ်ထည့်ပြီးလုံခြုံရေးစစ်ဆေးတဲ့ကောင်တာကို ဖြတ်ကျော်ပြီးဓာတ်လှေကားအဝင်နေရာမှာ တန်းဆီစောင့်နေခဲ့ပါတယ်။ တတိယနေရာကနေစောင့်ဆိုင်းနေရတာဆိုတော့ နောင်မိုးတို့ စိတ်ကူးထဲမှာအော် မြန်မာလူမျိုးတစ်ယောက်ဖြစ်ရတာဂုဏ်ယူစရာကောင်းလှပါတကားလို့ အတွေးဝင်စိတ်ဖြစ်နေစဉ် “ ဓာတ်လှေကားလာနေပြီးမြန်မြန်လာ မြန်မြန်လာ “ ဆိုတဲ့ အသံလေးကြားမိလိုက်လို့ စပ်စုချင်တဲ့စိတ်ကြောင့် နောက်လှည့်ကြည့်လိုက် သည့် […]