service group

“Retail Master Consultancy Service Group”

လက်လီစီးပွားရေး လုပ်ငန်းဆိုင်ရာ အကြံပေးဝန်ဆောင် မှုအဖွဲ့ဟာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတွင် (၂၀၁၀) ခုနှစ်မှစတင်၍  မြန်မာနိုင်ငံဧ။် ပထမဦးဆုံး လက်လီလုပ်ငန်းများ အတွက်အထူးသီးသန့် အကြံပေး ၀န်ဆောင်မှု လုပ်ငန်းကို တည်ထောင်ခဲ့ပါသည်။“Retail Master Consultancy Service Group”လက်လီစီးပွားရေး လုပ်ငန်းဆိုင်ရာ အကြံပေး ၀န်ဆောင်မှုအဖွဲ့သည် လက်ရှိမြန်မာနိုင်ငံ၏ လက်လီရောင်းချခြင်း ဆိုင်ရာ အကြံပေးဝန်ဆောင်မှု လုပ်ငန်းများတွင် ဦးဆောင်နေသော အကြံပေး အဖွဲ့ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဖောက်သည်များအတွက် စနစ်ကျ၍ ပိုမိုကောင်းမွန်သော လက်လီစီးပွားရေး စွမ်းဆောင်မှုများနှင့် စဉ်ဆက်မပြတ် အကျိုးအမြတ်များ တိုးတက်ကြီးပွားရေး အတွက် မှန်ကန်သော လမ်းညွှန်မှုများ ပေးစွမ်းနိုင်ရန် တည်ထောင်ဖွဲ့စည်း ထားခြင်း ဖြစ်ပါသည်။

 ကျွန်ုပ်တို့၏ အထူးဝန်ဆောင်မှုနှင့်ပတ်သက်၍

  • လက်လီစီးပွားရေးလုပ်ငန်းများ အတွက်ပြည်ပမှအောင်မြင်သော လက်လီစီးပွားရေး လုပ်ငန်းများတွင် အရေးကြီးဆုံးသော
    ယှဉ်ပြိုင်မှု့လက်နက်ဖြစ်သော ဈေးဝယ်သူဝန်ဆောင်မှု အခန်းကဏ္ဍများမြှင့်တင်ပေးနိုင်စေရန် စနစ်များ တည်ဆောက်
    လမ်းညွှန် အကြံပေးဆောင်ရွက်ပေးခြင်း၊

 

  • နိုင်ငံတကာ အဆင့်မီ ဈေးဝယ် စင်တာကြီးများ ဖွင့်လှစ်လိုသူများ အတွက် စတင်တည်ထောင်သည့် အဆင့်မှစ၍|
    အောင်မြင်မှု အဆင့်များ ရေရှည်ရရှိနိုင်အောင် စနစ်ကျသော မူဝါဒများ၊ နိုင်ငံတကာ စံချိန်စံနှုန်းစနစ်များ နှင့် ပတ်သက်၍
    အကောင်ထည်ဖော် အကြံပေး ဆောင်ရွက်ပေးခြင်း၊

 

  • အမျိုးအစားအမျိုးမျိုးသော လက်လီစီးပွားရေးအဖွဲ့အစည်းများနှင့် ဆက်စပ်နေသော လုပ်ငန်းများအတွက် စနစ်ကျသော
    စီမံခန့်ခွဲခြင်းနည်းစနစ် များနှင့်ပတ်သက်၍လုပ်ငန်းများကို ရေရှည်တည်တံ့အောင်မြင်စေရန် အကြံပေးဆောင်ရွက် ပေးခြင်းများ၊

 

  • လက်လီစီးပွားရေးလုပ်ငန်းများရှိတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၏ ၀န်ဆောင်မှုစွမ်းဆောင်ရည်ပြည့်ဝစေရန် အတွက်
    လက်လီလုပ်ငန်းစီမံခန့်ခွဲခြင်းနှင့် ၀န်ဆောင်မှု အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာ  ကာလတို သီးသန့် သင်တန်းများကို
    လုပ်ငန်းခွင်အရောက်သင်ကြားပေးခြင်း

စသည့်ဝန်ဆောင်မှုအမျိုးမျိုးများအားလက်ခံဆောင်ရွက်ပေးလျှက်ရှိပါသည်။

ကျွန်ုပ်တို့၏ ၀န်ဆောင်မှု အဖွဲ့သည် လက်လီရောင်းချခြင်း ဆိုင်ရာ လုပ်ငန်းအခန်း ကဏ္ဍများကို အထူးပြုဝန်ဆောင်မှုပေးနိုင် စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဧ။် လက်လီစီးပွားရေး လုပ်ငန်း များအတွက် “လက်လီလုပ်ငန်း၏ စီးပွားရေးဆိုင်ရာ ကျန်းမာရေးစီမံကိန်း” ကို ကျွန်ုပ်တို့ ပထမဦးဆုံး စတင်၍ မိတ်ဆက် လိုက်ပြီဖြစ်ပါသည်။ ကျွန်ုပ်တို့ရဲ့ “လက်လီလုပ်ငန်း၏ စီးပွာရေးဆိုင်ရာ ကျန်းမာရေးစီမံကိန်း” သည် ကျွန်ုပ်တို့ လက်လီ လုပ်ငန်းများ အတွက် စနစ်ကျသော စီးပွားရေး တိုးတက်မှု အများဆုံးနှင့် ရေရှည် တည်တံ့အောင် လက်တွေ့ ဖော်ဆောင်ရာတွင် အောင်မြင်မှု များစွာရရှိ ထားပြီး ပြည်တွင်းရှိ လက်လီလုပ်ငန်း ရှင်များ၏ အသိ အမှတ်ပြု အကောင်းဆုံး စီမံကိန်းဖြစ်ပါသည်။